Thursday, August 8, 2013

နင်ငါနားမှာရှိခဲ့တုန်းက
အနာဂတ် စိတ်ကူးတွေ လှပနေပြီး
အိမ်မက်တွေက မနက်ခင်းတိုင်းကို ကြည်နူးနေခဲ့တယ်…
မျှော်လင့်ချက်တွေက မနက်ဖြန်အတွက်အင်အားပေါ့...

ချစ်သူကျေနပ်ဖို့ပြုံးပြနေခဲ့ရတဲ့လမ်းခွဲခြင်းမှာ
ဒါတွေကအတိတ်ကအမှတ်တရတွေပါပဲ...

တကယ်လို့…
ငါနင်နဲ့ပက်သက်ပြီးမျှော်လင့်ခွင့်ရှိသေးရင်...
ငါနင်နဲ့ပက်သက်ပြီးဆုတောင်းရမဲ့သူဖြစ်ခဲ့ရင်...
ငါတစ်ယောက်တည်းရှိနေရတဲ့ ကြယ်ကြွေ ညတွေမှာ
ငါနိုးထခွင့်ရမဲ့ မနက်ခင်းအတွက်
နင်နဲ့အတူရှိခွင့်ရမဲ့နေ့ဖြစ်ပါစေလို့
ငါဆုတောင်းချင်တယ်….

လမ်းပြကြယ်
ပြုံးနေပါချစ်သူ...

နင့်ရဲ့အပြုံးတွေထဲမှာ

ငါ့ရဲ့ခွန်အားတွေရှိနေတယ်

ငါ့ရဲ့လက်တွေကိုတွဲထားပါချစ်သူ

ရင်ဆိုင်ရမဲ့အခက်ခဲတွေအတွက်

နင့်ရဲ့ဘေးမှာငါရှိနေတယ်...

လှမ်းခဲ့ပါချစ်သူနင့်ရဲ့ခြေတစ်လှမ်းဟာ

ငါ့ရဲ့ခြေလှမ်းပေါင်းများစွာရဲ့အင်အားပါ

ငါ့ကိုအမြဲနားလည်ပေးထားပါချစ်သူ

ပတ်ဝန်းကျင်က ငါတို့ကြားမှာ ပုတ်ခက်လာတဲ့

စကားတွေကို ရိုက်ထုတ်ဖို့

နင့်ရဲ့နားလည်မှုကငါ့အတွက်လိုအပ်တယ်..


လမ်းပြကြယ်

Wednesday, August 7, 2013


ငါရဲ့ညတွေကုန်လွန်သွားပါစေ
ငါရဲ့ အတွေးထဲနင်ရှိနေလို့
ငါကျေနပ်တယ်

နိုးထခွင့်မရခဲ့တဲ့ နံနက်ခင်းတွေအတွက်
နောင်တတွေမရှိစေပါဘူး
နွေးထွေးတဲ့နေရောင်ခြည်တွေနဲ့အတူ
ချစ်သူကို မျှော်လင့်ခွင့်ရှိတဲ့
သူတစ်ယောက် ဖြစ်ခွင့်ရလို့
ဘ၀ဟာ ပြီးပြည့်စုံနေသလိုပါပဲ

မရိုးနိုင်တဲ့နေ့ရက်တွေကို
ဖြတ်သန်းရင်း ပက်ဝန်းကျင်းက
ငါတို့နှစ်ဦးကို ပုတ်ခက်တဲ့အခါ
မျက်စီမှိတ် နားပိတ်နေလိုက်ပါ
ငါက နင့်အတွက်
ကလေးတစ်ယောက်လို ဖြူစင်ပါတယ်...

လမ်းပြကြယ်

Sunday, August 4, 2013

__--__--__--__ဘ၀__--__--__--__

နံနက်ခင်းတိုင်းမသာယာနိုင်ဖူး
ညနေတိုင်းလဲ မကြည်နူးဖြစ်ခဲ့ဖူး
လောကဓံ ရဲ့စိန်ခေါ်မှုတွေကို
ရင်ဆိုင်တဲ့အခါ လဲကျခဲ့ရင်တောင်
ကမ်းမဲ့လက်ကို မမျှော်ကိုးရဲ့တဲ့သူပါ

ဇာတ်ဆရာရယ် အောင်မြင်တိုင်း
ကျွန်တော် မရယ်ပြခဲ့တာ
ကျရှုံးရင် ကျွန်တော်မငိုချင်လို့ပါ
လိုက်ကာချတဲ့ အချိန်ကျရင်
ရယ်မောနေတဲ့ ပရိတ်သတ်တော့
ရှိစေရပါမယ်

နေပါစေတော့ မင်းကိုရက်စက်လိုက်တာလို့
ငါအပြစ်မတင်ပါဖူး ညံ့လိုက်တာလို့လဲ
မပြောချင်ဖူး လူတချို့ကအခက်တွေ့တိုင်း
မင်းကိုပဲအပြစ်ပြောကြတာမို့
ငါသနားတယ် (ကံကြမ္မာ)

မနက်ဖြန်အတွက် ကြိုးစားရဦးမှာမို့
ဒီနေ့ည ဘ၀ သင်ခန်းစာတချို့ကို
ပြန်လှန်ရင်း စောစောအိပ်ရာဝင်ချင်တယ်..

လမ်းပြကြယ်

လမ်းခွဲ


မြတ်နိုးသူအလိုကျ
မျက်ရည်များကိုထိမ်းချုပ်
ဟန်ဆောင်အပြုံးတွေနဲ့
ရင်ထဲက နှလုံးသားလေး
ငိုကြွေးခွင့်ပြုပါတဲ့

သူပြောတဲ့အတိုင်း မနက်ဖြန်ဆို
သူငယ်ချင်းတွေပါ
မယုံနိုင်ပါဘူး ဖြစ်နိုင်ရင်
စုတ်ဖြဲထားတဲ့ ပြက္ခဒိန်တွေကို
အသက်ပြန်သွင်းချင်တယ်

ပြောင်းလဲသွားတော့မဲ့ မနက်ဖြန်
မေ့ပြစ်လိုက်ရတော့မဲ့
အတိတ်တွေအတွက်
တုန်ရီနေတဲ့ခြေလှမ်းတွေနဲ့
အိမ်ပြန်လမ်းလေးမှာ
ငါအသည်းကွဲဖူးပါပြီ
ချစ်သူ.....

လမ်းပြကြယ်

Saturday, August 3, 2013


ငါရဲ့ ဘ၀ထဲ ကို
မဖိတ်ခေါ်ပဲ နင်ဝင်ရောက်လာခဲ့တယ်
ဖိတ်စာ မပါပေမဲ့  နှုံအတဲ့ ငါက
ကြင်နာစွာနဲ့ပဲ ကြိုဆို လိုက်မိရဲ့
ဒီလိုနဲ့ ပဲ.....
သံယောဇဉ်မဟုတ်တဲ့ အချစ် တစ်ခုကို
နင်ငါ့ရင့်ထဲ တိတ်တခိုးထည့်
ယုံကြည်စွာနဲ့ ငါလက်ခံခဲ့လို့
Sorry ပဲဆိုတဲ့ ဥပေက္ခာပြုမှုတွေနဲ့
ငါ့ကိုနင်ထားသွားခဲ့တယ်…
ခုတော့လည်း နင်ကအနိုင်ရသူဆို ငါ့က ဘ၀နာသူပေါ့
ပြန်လည်ထွက်ခွာဖို့ အစီအစဉ်ရှိရင်
အစတည်းက နှလုံးသားတံခါးလာမခေါက်ပါနဲ့
နှလုံးသားဆိုတာ ဆော့ကစားဖို့
မဟုတ်လို့ ပါ ~~~~

လမ်းပြကြယ် 

Friday, August 2, 2013

သံယောဇဉ်မထားမိပါစေနဲ့


လူတစ်ယောက်ကိုချစ်တော့မယ်ဆိုသေခြာဆုံးဖြတ်ပါ
တစ်ဘ၀လုံးလက်တွဲနိုင်ပါမလားလို့ တစ်ဘ၀လုံးမဟုတ်ရင်သံယောဇဉ်မထားခဲ့ပါနဲ့
သူရဲ့ဘ၀လေးကိုမ၀င်မိစေနဲ့ ပေါ့ ဇာတ်ဝင်ခန်းတွေ လှပကောင်းမွန်ပေမဲ့
ဇာတ်သိမ်းမလုတဲ့ ဇာတ်လမ်းတပုဒ် ဖြစ်သွားလိမ့်မယ်

နှလုံးသားဆိုတာ လှည့်ဖျားဖို့မဟုတ်ပါဘူး ဆော့ကစားဖို့မဟုတ်ဘူး
လှည့်စားခံရတဲ့နှစ်လုံးသား ကစားခံလိုက်ရတဲ့နှလုံးသားတစ်ခု
သူမှာဖြေသိမ့်နိုင်စရာဖြေဆေးမရှိလို့ပါ…

ကိုယ့်ကိုတိုင်ကလည်း သံယောဇဉ် မပေးသင့်ဘူး သင်ကနိုင်သူပါပဲ ဘာဖြစ်ဖြစ်
သံယောဇဉ် ရရှိခဲ့တဲ့သူက ချစ်တဲ့သူအတွက် ပျော်ရွှင်ဖို့ကျေနပ်နိုင်ဖို့
နောက်ဆုံးမှာ သင့်အတွက်ပေးဆပ်ဖို့အသင့်ရှိနေလိမ့်မယ်
နိုင်သူဆိုပေမဲ့လည်း ပေးဆပ်ခဲ့သူထပ်မခံစားရရင်တောင်
သူအတွက်ငိုကျွေးရမယ် ချစ်ခဲ့သေးတာကို

တကယ်တော့ဗျာ
အချစ်ဆိုတာနုညံ့တဲ့ အရာတစ်ခုပါ ကိုယ့်ဘက်က
ပေးခဲ့တဲ့ သံယောဇဉ်မဟုတ်
မေတ္တာမဟုတ် အကြင်နာမဟုတ်တဲ့ ချစ်ခြင်းမျိုးအတွက်
လက်ခံပေးသူက ဘယ်လိုဖြေသိမ့်ရမလဲ
ဒီလိုအဖြစ်မျိုးအတွက် ကိုယ့်ကိုတိုင်ကလည်း အနည်းနဲ့အများ
စိတ်ပင်ပန်းမှုကိုခံစားရပါတယ်…

ဘာပဲဖြစ်ဖြစ် လက်ရှိ ရှိနေတဲ့
ကိုယ့်ချစ်သူတွေအပေါ်
တန်ဖိုးထား မြတ် နိုးနိုင်ကြပါစေ….

(ပေးဆပ်သူ တမ်းခြင်း)
နှလုံးသားက တစ်ခုပဲပိုင်ဆိုင်တာကို
ချစ်ခံခဲ့ရတဲ့မိန်းခလေး မသိဘူးလားပဲ”

(ပေးဆပ်သူ မှာတမ်း)
သင့်ဘ၀မှာ အဖြေမရှိတဲ့ ပုစ္ဆာ တစ်ပုဒ်ကို
လူတစ်ယောက်အတွက်မပေးမိပါစေနဲ့....

လမ်းပြကြယ်
ရင်ခုန်ခြင်းနဲ့စခဲ့တဲ့အချစ်ကြောင့်
ငါနင့်ကိုမြတ်နိုးတက်ခဲ့ပါတယ်
နေရက်တိုင်းမှာ ဟန်ဆောင်ခြင်း
အချစ်တွေကိုပွေ့ဖတ်
နေ့စဉ် ရက်တိုင်းငါဟာအပြုံးမပျက်ခဲ့သူ

မနက်ဖြန်တိုင်းအတွက်
ငါရဲ့လိုအပ်ချက်တွေက
နင်တစ်ယောက်တည်းပါ
နင်သိစေချင်တယ်တိုက်ဆိုင်မှု့တွေရှိတိုင်း
ငါရဲ့အတွေးတွေကိုပုံဖော်လိုက်တိုင်း
ငါအိပ်ပျော်နေတဲ့ ညနက်တွေရဲ့
အိမ်မက်တွေထဲမှာတောင်
နင့်ကိုငါသတိရနေတာပါ

အရာရာဟာလည်ပတ်နေတယ်ဆို
ငါရပ်နေပါတော့မယ်
"ပြန်ဆုံခွင့်ရှိမဲ့နေ့အတွက်"

လမ်းပြကြယ်
အချစ်အကြောင်း မပြောချင်ဘူး
တစ်ချိန်ကယုယစွာ နမ်းရှိုက်ခဲ့ဘူးတဲ့
အချစ်ကြောင့် ဥပက္ခာပြုခံလိုက်ရတဲ့
ယုယကြင်နာမှူတွေ ရင်ထဲမှာဖြူစင်နေတုန်းပဲ

ဘ၀မှာ ပထမဆုံး အချစ်အတွက်
လူတိုင်းက ဖြူစင်ခဲ့ကြတာပါပဲ
ဒုတိယအချစ်မှာတော့ လှည့်စားကြတယ်
နံပါတ်စဉ်တက်ထားလို့မရတဲ့ သူရဲ့ချစ်သူနေရာမှာ
အတိတ်ကအကြောင်းပြောပြီး ရန်မဖြစ်ချင်ဘူး
အနာဂတ်အတွက်ပဲ သူ့ဘ၀မှာ
ထွန်းထောက်ချင်သူတစ်ယောက်

ဒဏ်ရာတွေနဲ့ ရင့်ကျက်ခဲ့တဲ့နှလုံးသားမှာ
နွေးတွေးမှုတွေ ရှိနေပါတယ်
ယုံကြည်မှု့တွေ ထား နာလည်မှု့အပြည့်နဲ့
ဘ၀ကို ဖြတ်သန်းခွင့် ရရှိမှာပါ
အချစ်အကြောင်းသူကို မပြောတော့ဘူး
ကလေးတစ်ယောက်လို ဖြူစင်စွာ
သူရင်ထဲမှာ ခိုလှုံခွင့်အငွေ့အသက်များနဲ့
ဘ၀ဟာပြည့်စုံ နေခဲ့တာ ကြာပြီလေ...


လမ်းပြကြယ်

နေ့ရက်တွေကိုဖြတ်သန်းနေရတာ
ငါတစ်ယောက်တည်း နေသားကျနေပါပြီ
အချစ်ဆိုတာကို သူငယ်ချင်းတွေပြောတဲ့အခါ
နင့်ကိုတော့သတိရမိတယ်...

ညနေဆည်းဆာက ချစ်သူနှစ်ဦးကိုကြည်နူးစေတုန်းပါပဲ
နင့်ရဲ့ အနားမှာ ငါရှိချင်မှရှိလိမ့်မယ်
ညနေခင်းလမ်းလျှောက်ထွက်တဲ့အခါချစ်သူဆုံတွဲတွေကိုမြင်တိုင်း
နင့်ကိုတော့သတိရမိတယ်...

နှစ်ပက်လည်နေ့ကိုရောက်တိုင်းနင်မရှိပေမဲ့
တူတူထိုင်နေကြ ခုံတန်းလေးမှာငါရှိတက်တယ်...
လှပတဲ့ကောင်းကင်ကြီးကိုငေးကြည့်ရင်း
အတူတူရှိခဲ့တဲ့အချိန်တွေကို ပြန်တွေးတဲ့အခါ
နင်ကိုတော့ သတိရမိတယ်...

မလွယ်ကူပါဘူးပြီးဆုံးသွားတဲ့
သက္ကရာဇ်တွေထဲမှာငါဖြတ်သန်းနေရတာ
ပြက္ခန်ဒိန် တစ်ရွက်ကိုဆုပ်ဖြဲနေတိုင်း
ငါမျှော်လင့်နေဦးမယ်...


လမ်းပြကြယ်