Friday, August 2, 2013
နေ့ရက်တွေကိုဖြတ်သန်းနေရတာ
ငါတစ်ယောက်တည်း နေသားကျနေပါပြီ
အချစ်ဆိုတာကို သူငယ်ချင်းတွေပြောတဲ့အခါ
နင့်ကိုတော့သတိရမိတယ်...
ညနေဆည်းဆာက ချစ်သူနှစ်ဦးကိုကြည်နူးစေတုန်းပါပဲ
နင့်ရဲ့ အနားမှာ ငါရှိချင်မှရှိလိမ့်မယ်
ညနေခင်းလမ်းလျှောက်ထွက်တဲ့အခါချစ်သူဆုံတွဲတွေကိုမြင်တိုင်း
နင့်ကိုတော့သတိရမိတယ်...
နှစ်ပက်လည်နေ့ကိုရောက်တိုင်းနင်မရှိပေမဲ့
တူတူထိုင်နေကြ ခုံတန်းလေးမှာငါရှိတက်တယ်...
လှပတဲ့ကောင်းကင်ကြီးကိုငေးကြည့်ရင်း
အတူတူရှိခဲ့တဲ့အချိန်တွေကို ပြန်တွေးတဲ့အခါ
နင်ကိုတော့ သတိရမိတယ်...
မလွယ်ကူပါဘူးပြီးဆုံးသွားတဲ့
သက္ကရာဇ်တွေထဲမှာငါဖြတ်သန်းနေရတာ
ပြက္ခန်ဒိန် တစ်ရွက်ကိုဆုပ်ဖြဲနေတိုင်း
ငါမျှော်လင့်နေဦးမယ်...
လမ်းပြကြယ်
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment