အချစ်အကြောင်း မပြောချင်ဘူး
တစ်ချိန်ကယုယစွာ နမ်းရှိုက်ခဲ့ဘူးတဲ့
အချစ်ကြောင့် ဥပက္ခာပြုခံလိုက်ရတဲ့
ယုယကြင်နာမှူတွေ ရင်ထဲမှာဖြူစင်နေတုန်းပဲ
ဘ၀မှာ ပထမဆုံး အချစ်အတွက်
လူတိုင်းက ဖြူစင်ခဲ့ကြတာပါပဲ
ဒုတိယအချစ်မှာတော့ လှည့်စားကြတယ်
နံပါတ်စဉ်တက်ထားလို့မရတဲ့ သူရဲ့ချစ်သူနေရာမှာ
အတိတ်ကအကြောင်းပြောပြီး ရန်မဖြစ်ချင်ဘူး
အနာဂတ်အတွက်ပဲ သူ့ဘ၀မှာ
ထွန်းထောက်ချင်သူတစ်ယောက်
ဒဏ်ရာတွေနဲ့ ရင့်ကျက်ခဲ့တဲ့နှလုံးသားမှာ
နွေးတွေးမှုတွေ ရှိနေပါတယ်
ယုံကြည်မှု့တွေ ထား နာလည်မှု့အပြည့်နဲ့
ဘ၀ကို ဖြတ်သန်းခွင့် ရရှိမှာပါ
အချစ်အကြောင်းသူကို မပြောတော့ဘူး
ကလေးတစ်ယောက်လို ဖြူစင်စွာ
သူရင်ထဲမှာ ခိုလှုံခွင့်အငွေ့အသက်များနဲ့
ဘ၀ဟာပြည့်စုံ နေခဲ့တာ ကြာပြီလေ...
လမ်းပြကြယ်

No comments :
Post a Comment