Thursday, August 8, 2013

နင်ငါနားမှာရှိခဲ့တုန်းက
အနာဂတ် စိတ်ကူးတွေ လှပနေပြီး
အိမ်မက်တွေက မနက်ခင်းတိုင်းကို ကြည်နူးနေခဲ့တယ်…
မျှော်လင့်ချက်တွေက မနက်ဖြန်အတွက်အင်အားပေါ့...

ချစ်သူကျေနပ်ဖို့ပြုံးပြနေခဲ့ရတဲ့လမ်းခွဲခြင်းမှာ
ဒါတွေကအတိတ်ကအမှတ်တရတွေပါပဲ...

တကယ်လို့…
ငါနင်နဲ့ပက်သက်ပြီးမျှော်လင့်ခွင့်ရှိသေးရင်...
ငါနင်နဲ့ပက်သက်ပြီးဆုတောင်းရမဲ့သူဖြစ်ခဲ့ရင်...
ငါတစ်ယောက်တည်းရှိနေရတဲ့ ကြယ်ကြွေ ညတွေမှာ
ငါနိုးထခွင့်ရမဲ့ မနက်ခင်းအတွက်
နင်နဲ့အတူရှိခွင့်ရမဲ့နေ့ဖြစ်ပါစေလို့
ငါဆုတောင်းချင်တယ်….

လမ်းပြကြယ်

No comments :

Post a Comment