ငါရဲ့ ဘ၀ထဲ ကို
မဖိတ်ခေါ်ပဲ နင်ဝင်ရောက်လာခဲ့တယ်
ဖိတ်စာ မပါပေမဲ့  နှုံအတဲ့ ငါက
ကြင်နာစွာနဲ့ပဲ ကြိုဆို လိုက်မိရဲ့
ဒီလိုနဲ့ ပဲ.....
သံယောဇဉ်မဟုတ်တဲ့ အချစ် တစ်ခုကို
နင်ငါ့ရင့်ထဲ တိတ်တခိုးထည့်
ယုံကြည်စွာနဲ့ ငါလက်ခံခဲ့လို့
Sorry ပဲဆိုတဲ့ ဥပေက္ခာပြုမှုတွေနဲ့
ငါ့ကိုနင်ထားသွားခဲ့တယ်…
ခုတော့လည်း နင်ကအနိုင်ရသူဆို ငါ့က ဘ၀နာသူပေါ့
ပြန်လည်ထွက်ခွာဖို့ အစီအစဉ်ရှိရင်
အစတည်းက နှလုံးသားတံခါးလာမခေါက်ပါနဲ့
နှလုံးသားဆိုတာ ဆော့ကစားဖို့
မဟုတ်လို့ ပါ ~~~~
လမ်းပြကြယ်

No comments :
Post a Comment